Saturday, July 4, 2009
အမောပြေ...
ကျွန်မရဲ့အကြိုက်ဆုံး အဆိုတော်ကဇော်ပိုင်ပါ….ဘယ်နေရာပဲရောက်ရောက်..အသစ်သစ်အဆိုတော်တွေပဲတွေ တွေတွေ့…ကိုဇော်ပိုင်ကတော့ ကျွန်မရဲ့ Favourite ပါပဲ…..
ကိုဇော်ပိုင်ရဲ့ “မြို့အ၀င်ည” အခွေထွက်တုန်းက ကျွန်မ ၁၀တန်းပဲရှိသေးတယ်….အဲဒီတုန်းက သင်္ချုာ သန်းနိင်ဆီမှာ ကျူရှင်တက်နေတာ…အခွေစထွက်ထွက်နေ့ စနေနေ့ မနက်အစောကြီး ကျုရှင်မစခင် ၇နာရီလောက်ကို “ရတနာမြိုင်”ဆိုင်ရှေ့မှာ ငုတ်တုတ်ကလေးနဲ့ သွားစောင့်နေတာကိုမှတ်မိနေတုန်းပဲ…ကျွန်မရောက်တော့ ဆိုင်တောင်မဖွင့်သေးဘူး..
၈နာရီလောက်မှ ဆိုင်ဖွင့်တော့..ဆိုင်ကဦးလေးကြီးတောင် လန့်သွားတဲ့ပုံပဲ..ဟီးဟီး..
ဒါပေမယ့် ကျွန်မထိုင်စောင့်ကြိုးနပ်ပါတယ်…ပထမဆုံးရောက်တဲ့လူမို့လို့ ကိုဇော်ပိုင်ရဲ့ Poster လေးရခဲ့တယ်။ဇော်ပိုင်ရဲ့ Poster လေးရခဲ့တဲ့အဲးဒီနေ့ကို ဘယ်လိုမှမေ့လို့မရဘူး။အဲဒီတုန်းက ဇော်ပိုင်ရဲ့ Photo တွေ မထွက်သေးတော့ အဲဒီ Poster လေးက ကျွန်မအတွက်တန်းဖိုးအရမ်းရှိတယ်..:)
တက္ကသိုလ်ကျောင်းသားဘ၀အထိ ဇော်ပိုင်ရုးသွပ်မှုက ပျောက်မသွားခဲ့ဘူး..အခုချိန်ထိပါပဲ…. အသံချိုချိုလေးနဲ့ အေးအေးလေးဆိုတက်တဲ့ ဇော်ပိုင်ကို အခုထိကြိုက်တုန်းပါပဲ……
Labels:
CHARRON အကြိုက်ဆုံးသီချင်းများ
Subscribe to:
Post Comments (Atom)
Yangon (Rangoon) Time
No comments:
Post a Comment